မာန်အောင်မြို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်တွင်ကျိုးကျနေသော သစ်ပင်၊သစ်ကိုင်း၊သစ်ရွက်များအားဌာဆိုင်ရာ ဝန်ထမ်းများ စုပေါင်း ဖယ်ရှား ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းမပေါ်တွင်ကျိုးကျနေသော သစ်ပင်၊သစ်ကိုင်း၊သစ်ရွက်များအားဌာဆိုင်ရာ ဝန်ထမ်းများ စုပေါင်း ဖယ်ရှား ရှင်းလင်း






MNP ၊ မေ  ၁၈

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လမ်းမပေါ်တွင် ကျိုးကျနေသောသစ်ပင်၊သစ်ကိုင်း၊သစ်ရွက်များအား ဖယ်ရှား ရှင်းလင်းလျက် ရှိရာ ယနေ့နံနက်၈နာရီက ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး ဆက်လက် ဖယ် ရှားရှင်းလင်း ခဲ့သည်။


   ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော် တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မာန်အောင်ကျွန်းရှင်``အဘောင်မ´´နတ်နန်း ရှေ့တွင် စုရပ်နေရာ သတ်မှတ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကားဖြင့် လှည့်လည်၍ ဗိုလ်ချုပ်လမ်း၊ရဲစက်ကျော်ခေါင်လမ်း တစ်လျှောက်ရှိလဲကျနေသော သစ်ပင်၊ပျံ့ကြဲနေသောသစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များကို လှည့်လည် သိမ်းဆည်းပြီး စနစ်တကျ စွန်ပစ်ခဲ့ ကြသည်။


 မာန်အောင်မြို့နယ်တွင် မြို့သန့်ရှင်း သာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး သန့်ရှင်းရေးများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     

ဦးသိန်းဖေ

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)