နွေရာသီ စားပွဲတင်တင်းနစ်နှင့် လက်ဝှေ့သင်တန်း ဆင်းပွဲအခမ်းအနား ဗန်းမော်၌ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီ စားပွဲတင်တင်းနစ်နှင့် လက်ဝှေ့သင်တန်း ဆင်းပွဲအခမ်းအနား ဗန်းမော်၌ ပြုလုပ်


MNP ၊ မေ  ၁၈

        ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ် နွေရာသီ စားပွဲတင် တင်းနစ်နှင့် လက်ဝှေ့သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၁၈ ရက် နံနက် ၉ နာရီက ခရိုင်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


        ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်း က အမှာစကားပြောကြားခဲ့ပြီး စားပွဲတင်တင်းနစ်သင်တန်းသားသင်တန်းသူများနှင့် လက်ဝှေ့သင်တန်းသားသင်တန်းသူများက သရုပ်ပြသခဲ့ကြသည်။


         ယင်းနောက် အလှူရှင်များ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြသည်။


        အဆိုပါသင်တန်းကို မေ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး စားပွဲတင်တင်းနစ်သင်တန်းတွင် (၃၈)ဦးနှင့် လက်ဝှေ့သင်တန်းတွင် (၄၈)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)