မင်းလှမြို့နယ်တွင်၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနေကြာသီးထပ်၊ သီးညှပ်စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင်၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနေကြာသီးထပ်၊ သီးညှပ်စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု





MNP ၊ မေ  ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနေကြာသီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၈ နာရီက ညောင်ဝိုင်းကျေးရွာနှင့် ဒေါင်းဘုတ်ကျေးရွာတို့ရှိ နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဆီထွက်သီးနှံမိုးနေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် တောင်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး၊ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


မင်းလှမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၃)အုပ်စုရှိရာ မိုးနေကြာ ၁၅၅၆ ဧက စိုက်ပျိုးရန်လျာထားပြီး မြို့နယ်အတွင်း၌ မိုးနေကြာစိုက်ပျိုးရန်လျာထားသည့် ကျေးရွာများတွင် မိုးနေကြာများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost














No comments:

Post a Comment