ခရမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး



MNP ၊ မေ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၈ နာရီမှစ၍ ခရမ်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။


ခရမ်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန် ၁၁၀၆၄၂ ဧကရှိရာ တစ်ဧကလျှင် မိုးစပါးချေးငွေ ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ကျပ်သိန်းပေါင်း  ၁၆,၅၉၆,၃၀၀,၀၀၀ ကျော် ထုတ်ချေးပေးရန်လျာထားကြောင်းနှင့် ယခင်နှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အကျေဆပ်ပြီးသည့်တောင်သူများအား ဦးစားပေးအစဉ်အတိုင်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေများကိုစက်တင်ဘာလကုန်အထိထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  ယနေ့တွင်ခရမ်းမြို့နယ်၊ အုပ်ဖိုကျေးရွာပေါက်ပင်ကျေးရွာ၊ ဆင်မင်းအိုင်ကျေးရွာများမှ တောင်သူ ၂၇၀ ဦး၏ ၁၉၇၅ ဧကအတွက်ငွေပေါင်း ၂၉၆,၂၅၀,၀၀၀ သိန်းကျပ်အား စတင်ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရှိရသည်။


ခရမ်းမြို့နယ်တွင် ကျေးရွာအုပ်စု(၅၃)အုပ်စုမှ မိုးစပါးစိုက်ဧက ၉၄၇၈၆ ဧကလယ်သမားဦးရေ ၁၄၄၇၇ ဦးတို့အား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် ယမန်နှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အကျေဆပ်ပြီးသည့်တောင်သူများကို နေ့စဉ်ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost









No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)