ကျိုက်ထိုမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ







MNP ၊ မေ  ၂၇

    မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမတွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။ 


    အခမ်းအနားတွင် အထက(ရွှေဥဩကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံကိုရည်တို့လှမ်းချည် "သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊  မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးက ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်ရေး၊ အကြောင်းကြောင်းကြောင့် စာသင်ကျောင်းနှင့် အလှမ်းကွာ‌နေကြသူများအား စာသင်ခန်းအတွင်းရောက်ရှိအောင် စည်းရုံးဆောင်ရွက်ကြရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။    


  ဆက်လက်၍  မြို့နယ်ပညာရေးမှူး ဦးမောင်ညို က ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေး အပ်သော ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားကျောင်း သူများက အသီးသီးလက်ခံခဲ့ကြသည်။

     ထို့နောက် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး  PHOO ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်း သူများက “မင်္ဂလာပါ”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။ 


     အခမ်းအနားသို့ ကျိုက်ထိုမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊‌မြို့မိမြို့ဖများ၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment