ဗိုလ်မှူးချုပ်ကျော်ကျော်ဦးမုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးမုန်တိုင်းဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများအား ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိ နေသောတပ်မတော်(ရေ)ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် ယနေ့ နံနက်၉နာရီခွဲက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ဆိုင်ရာ ရုံးများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။


     ထိုသို့ ကွင်းဆင်း စစ်ဆးရာတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် အတူ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းရင်း ဆေးကုဌာန၊မြို့နယ် မိုးလေဝသစခန်း၊မြို့နယ်ဥပဒေရုံး၊မြို့နယ်အားကစားခန်းမနှင့်ဘောလုံးပွဲကြည့်စင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကိုဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး မှာကြားခဲ့ ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment