မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ယနေ့စတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ယနေ့စတင်



MNP ၊ မေ ၂၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ပူးပေါင်း၍ မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်တွင် မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲ ကို ယမန်နေ့ ညနေ ၆ နာရီခွဲတွင် Horizon Lake View Hotel ၌ ကျင်းပသည်။


ညစာစားပွဲသို့ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန်နှင့် မြန်မာ - တရုတ်နှစ်နိုင်ငံမှ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကုန်စည်ပြပွဲအထိမ်းအမှတ် လက်ဖက်ခြောက်ဘူးပေါ်တွင် အမှတ်တရလက်မှတ်ရေးထိုးလဲလှယ်ကြသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လင်ချန်းမြို့ မြို့တော်ဝန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ညစာသုံးဆောင် နေချိန်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုအနုပညာရှင်များက အကပဒေသာများဖြင့် တင်ဆက်ကပြ ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် လင်ချန်းမြို့ မြို့တော်ဝန်တို့က အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်း ရှင် ၃၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မိတ်ဆက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)