ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


MNP ၊ မေ ၂၆

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လှူဒါန်းသည့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊  ဆေးကုသရေးဆိုင်ရာ ပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေး ဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့သည်။


အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည် ထူထောင် ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြမည့် တပ်မတော်သားများ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အာဆီယံနိုင်ငံများမှ လှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ၊  ဆေးကုသရေး ဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေး ဆိုင်ရာပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ မိုးကာလိပ်များ၊ အဝတ်အထည်များ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့သည်။


အဆိုပါ တပ်မတော်လေယာဉ်များဖြင့်  ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)