အကြမ်းဖက်အုပ်စုများ၊ နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို တရားမဝင် ဖြတ်ကျော်သည့် ဖြစ်စဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အုပ်စုများ၊ နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို တရားမဝင် ဖြတ်ကျော်သည့် ဖြစ်စဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ ဆွေးနွေး


MNP ၊ မေ ၂၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇား ခရိုင်၊ တက္ကနာ့ဖ်မြို့၊ Central Resort ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ နှစ်ရက်တိုင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ် (ကော့စ်ဘဇ္ဇား)၊ ဒေသကွပ်ကဲရေးမှူးနှင့် ပူးတွဲညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Najam-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများအား တားဆီးထိန်းသိမ်းပေးရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်အတွင်း ညှိနှိုင်းပူးပေါင်း ကင်းလှည့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးရေး၊ အကြမ်းဖက်အုပ်စုများ၊ နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို တရားမဝင် ဖြတ်ကျော်သည့် ဖြစ်စဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)