ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများသို့ သွားရောက် ကူညီဆောင်ရွက်ကြမည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ (Rapid Response Team)RRT အဖွဲ့ဝင်များအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများသို့ သွားရောက် ကူညီဆောင်ရွက်ကြမည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ (Rapid Response Team)RRT အဖွဲ့ဝင်များအား တွေ့ဆုံ


MNP ၊ မေ ၂၆

ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ကြမည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ (Rapid Response Team)RRT အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ကျ ရောက်သည့် ဒေသများသို့ သွားရောက်ကူညီဆာင်ရွက်ကြမည့် မွန်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ (Rapid Response Team)RRT အဖွဲ့များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်း များ ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်နယ်ပြည့်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်း က (Rapid Response Team)RRT အဖွဲ့များ သွား‌ရောက်ကူညီဆောင်ရွက်နိုင် ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က (Rapid Response Team)RRT အဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment