အောင်လံမြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဂိတ်ခန်း၊ ဆိုင်ခန်း၊ သီးနှံရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေး/ပစ္စည်းအရောင်းဆိုင်များနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဂိတ်ခန်း၊ ဆိုင်ခန်း၊ သီးနှံရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေး/ပစ္စည်းအရောင်းဆိုင်များနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲ ကျင်းပ

 




MNP ၊ မေ  ၁၈

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ဂိတ်ခန်း၊ ဆိုင်ခန်း၊ သီးနှံရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေး/ပစ္စည်းအရောင်းဆိုင်များနှင့် ဆက်စပ်လုပ်ငန်းများတည်ဆောက်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲကို စမ်းချောင်းရပ်ကွက် အ-ထ-က(၁)ကျောင်း ရွှေရတုခန်းမတွင်ပြုလုပ်ခဲ့ရာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။


အဆိုပါတွေ့ဆုံရှင်းလင်းပွဲတွင် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်းစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းနိုင်က အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရေးလုပ်ငန်း အစီအမံများအား (P0wer Point)ဖြင့် ရှင်းလင်းတင်ပြရာတွင် မြေနေရာအတည်ပြုခြင်း၊ မြေနေရာလွှဲပြောင်းပေးအပ်ခြင်း၊ ကားကြီးကွင်းတည်ဆောက်ရန် အဆိုပြုလျာထားသည့်မြေနေရာ၊ စုစု‌ပေါင်းရင်းနှီးမြှုပ်နှံမှုငွေ(စီမံကိန်းတန်ဘိုး)၊ စီမံကိန်းကာလ၊ ကားကြီးကွင်း တည်ဆောက်မည့်လုပ်ငန်းအစီအမံများတို့အကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်းစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


မျိုးသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment