မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့ ရင့်ရှည်ရေလှောင်တမံရေဝင်ရောက်မှုအခြေအနေ လာရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့ ရင့်ရှည်ရေလှောင်တမံရေဝင်ရောက်မှုအခြေအနေ လာရောက်ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၁၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ငဖဲမြို့နယ် ရင့်ရှည်ရေလှောင်တမံရှင်းလင်းဆောင်သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် ရင့်ရှည်တမံရှင်းလင်းဆောင်၌ မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ မေလ ၁၃ ရက်နေ့တွင် မိုခါဆိုင်းကလုန်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရင့်ရှည်တမံအတွင်းသို့ တောင်ကျချောင်းရေများဝင်ရောက်ခဲ့မှုအခြေအနေ၊ ဆည်တမံကျိုးပေါက်မှုမဖြစ်ပေါ်စေရေးနှင့် ဆည်ရေကျော်ပါက ရေကျော်ဒဏ်ခံနိုင်စေရေးအတွက် တမံပေါ်တွင် သဲအိတ်များကို မြေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်လွင့်နှင့် တာဝန်ရှိသူများအဖွဲ့က တမံအတွင်း ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ငဖဲမြို့နယ် ရင့်ရှည်ရေလှောင်တမံတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဆည်ရေအပြည့်အမှတ် ၆၀၂ ပေရှိရာ မေလ ၁၄ ရက်နေ့တွင် အမြင့်ဆုံးရေမှတ် ၆၀၉.၁ ပေအထိရောက်ရှိခဲ့ကြောင်း သိရသည်။


မယု

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)