(၅၁) ကြိမ်မြောက် အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ)ဒါရိုက်တာအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၁) ကြိမ်မြောက် အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ)ဒါရိုက်တာအဖွဲ့ အစည်းအဝေးကျင်းပ


MNP ၊ မေ ၂၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အေစီယူတာဝန်ခံ အရာထမ်းတို့သည် ယမန်နေ့ မွန်းလွဲ ၁၂နာရီ၄၅ မိနစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပသည့် (၅၁) ကြိမ်မြောက် အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ)ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ Video Confer-encing ဖြင့် တက်ရောက်သည်။


အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘူတန်နိုင်ငံ၊ မော်လဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်သည်။ ထို့အပြင် ရုရှားနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် အစ္စလာမ္မစ်ဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များသည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။


အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့်အလားအလာများ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူ ကျွမ်းကျင်မှုကော်မတီမှ အကြံပြုတင်ပြချက်များဖြစ်သော နိုင်ငံဖြတ်ကျော်ပေးချေမှုများနှင့် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့်ပေးချေမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ်ပိုမိုကျယ်ပြန့်အားကောင်းခိုင်မာလာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)