တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး






MNP ၊ မေ  ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တာမွေမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် အတွင်း  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ယာဉ်များ၊ စက်ပစ္စည်းကိရိယာများနှင့် တပ်ဖွဲ့ဝင်များ အား အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားခြင်းများ၊ လိုအပ်သော အစားအသောက်နှင့်ဆေးဝါးများအား ကူညီထောက်ပံ့ပေးနိုင်စေရေး စီစဉ် ဆောင်ရွက်ထားခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် လက်တွေ့ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက သဘာဝဘေးသင့် ပြည်သူများအား တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယာယီနေရာချထားပေးနိုင်စေ ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သဘာဝဘေးသင့်ပြည်သူများအနေဖြင့် ယာယီလာရောက်တည်းခိုနေထိုင်ရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ အစားအစာနှင့် သောက်သုံးရေများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်စေရေး၊ လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်စေရေးနှင့် မိလ္လာစနစ်များ အထူးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)