တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများ မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်းလျက်ရှိ






MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ် ကမ်းခြေကျေးရွာများမှ ပြည်သူများ သည် ယနေ့နံနက်ပိုင်းမှစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများ ဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြကြောင်းသိရသည်။


ထိုသို့ ခိုလှုံရာစခန်းများဆီသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့်  ပန်းတင်ကျွန်း ၊ ဖောင်းခါး ၊ ခေါင်းလောင်းတူ ၊ ကုလားရောင်၊ ဂျီပြင် ၊ညောင်ပင်ဆိပ် ၊ နတ်ကန် နှင့် ပြင်ကြီးကျေးရွာများမှ ပြည်သူများ အား တောင်ကုတ်မြို့ပေါ်ရှိ အထက(၄)ဂူတာကျောင်း ၊ သိမ်တောင်ဘုရားကြီးကျောင်းတိုက် ၊ အာလိန်ငါးဆင့် ကျောင်းတိုက်နှင့်ဝိသုတာရာမကျောင်းတိုက်များတွင် စီစဉ်နေရာချထားရှိပြီး အချို့ပြည်သူများမှာ ကျေးရွာ ရှိ Cyclone Shelter များ ၊ စာသင်ကျောင်းများနှင့်ဘုန်းတော်ကြီးကျောင်းများတွင်ယာယီခိုလှုံလျက်ရှိကြောင်း သိရသည်။


အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများ အားရွှေ့ပြောင်းရေး ၊ နေထိုင် စားသောက်ရေးအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုကော်မတီ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများကကြီးကြပ်ဆောင် ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


တောင်ကုတ်မြို့နယ်၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက် ၊ ကျေးရွာများရှိ ပြည်သူ များအား အသိပညာပေးနှိုးဆော်ခြင်း ၊ ယာယီခိုလှုံမည့် စခန်းများသတ်မှတ်ထားခြင်း ၊ Command Post အဖွဲ့ ဖွဲ့စည်းထားရှိခြင်း ၊ စားနပ်ရိက္ခာ ၊ ရေနှင့်ဆေးဝါးများစုဆောင်းထားရှိခြင်း ၊ အရေးပေါ်ဆေးကုသရေး နေရာများသတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)