တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီ အချိန် က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီး ဌာန ဝန်ထမ်းများက ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ” သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များ ၊ သင်င်္ဘောများအနေဖြင့် ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အသိပေးပြီးဖြစ်ပါသဖြင့် အဆိုပါမုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်းခန့်မှန်းထုတ်ပြန် ထားပြီးဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီ မိုင်(၁၁၀) အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း(၁၃)ပေမှ (၁၆)အထိရောက်ရှိနိုင်မည်ဖြစ်သဖြင့် ငါးဖမ်းလှေ ၊ ရေယာဉ် ၊ သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်မှ စ၍ လုံးဝမထွက် ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာမှ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကို ပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)