မြောက်ဦးမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး သတိ ပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး သတိ ပေးနှိုးဆော်





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌  သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ ဥက္ကဌ ခရိုင်ပညာရေးမှူး ဒေါ်ဦးအေးခင် ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင် ရာ ကြိုတင်ကာကွယ်နိုင်ရေးကြိုတင် သတိပေး နှိုးဆော် ခြင်း ကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ကားဖြင့် လှည့်လည်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန မှ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်ခဲ့ကြသည်။


ထို့သို့ဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ် ပြန်ချက် အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာ ပြီဖြစ် သည့် အ တွက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း များဖြစ် ပေါ်လာ နိုင် သည့်အတွက် မိဘပြည်သူများ၊သက်ကြီးရွယ်အိုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်၊ ဒီရေမြင့်တက်လာနိုင်သောကြောင့် အသက်အန္တရာယ်နှင့်ကြုံတွေ့လာပါက အသက်ကယ် အင်္ကျီများ ဝတ်ဆင် ထားကြရန် ၊မုန်တိုင်းအန္တရာယ်ကြိုတင်ရှောင်ရှားကြရန်တို့ကို နှိုးဆော်ခဲ့ ကြသည်။


ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေ သည့် မုန်းတိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက် ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက် များ၊ရှောင်ရှား သင့်သည့် အချက် များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာပါ လက်ကမ်း စာစောင်များကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)