မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည် သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက် (အခမဲ့) ဆေးကုသပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည် သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက် (အခမဲ့) ဆေးကုသပေးလျှက်ရှိ






MNP ၊ မေ  ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က (ခွဲ) လ(၃) ကျောင်း၌ ၊ သာသနာ့နွယ်ဝင်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့ကြသည်။


မြောက်ဦးမြို့၌ မေလ (၁၄) ရက်နေ့ က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှု ခံစား ခဲ့ရသောပြည်သူများအတွက် ဆေးကုသမှုအခက်အခဲမရှိစေရန် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့မှ ဗိုလ်ကြီး စိုင်းနောင်တိုး ၊ ဗိုလ်ကြီး ဇေဝဏ္ဏထွဏ်း တို့အဖွဲ့သည် ကလေးအထူးကုပါရာဂူ ၊ အထွေထွေ သမားတော်၊ မျက်စိအထူးကု ပါရဂူ ၊ခွဲစိတ်ပါရဂူ၊ ဓာတ်မှန် ပါရဂူ၊သွားရောဂါ ပါရဂူများက ယာ ယီခို လှုံရာစခန်းများမှ ပြည်သူများ ၊ မြို့ပေါ်ရပ်ကွက် နေပြည်သူများ ၊ မြောက်ဦးမြို့နယ်အတွင်းမှ မုန်တိုင်းရှောင်ပြည် သူများ တို့သည် သွားရောဂါခံ စားနေရသော ပြည်သူများ၊ မျက်စိအား နည်း သော သက်ကြီး ရွယ် အိုများ၊ နာမကျန်းဖြစ်နေသော ကလေးသူငယ်များ စသော ပြည်သူများ လာရောက်၍ ဆေးကုသမှုခံယူကြရာ လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသေပေးမှုများ (အခမဲ့) ဆက်လက်ဆောက်ရွက် ပေး လျှက်ရှိသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာသို့ နယ်မြေခံ တပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ဌာနဆိုင် ရာများ က လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများက လိုအပ်သည်များကို မှာကြား ပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)