MNP ၊ မေ ၂၅
ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralong-korn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimala-lakshana ၊ ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းပြည်သူများမှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ယာယီတဲများနှင့် အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ငါးသေတ္တာများနှင့် အသင့်စား ခေါက်ဆွဲခြောက်များ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C - 130 လေယာဉ်နှစ်စင်းသည် မေ ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
လေဆိပ်သို့ ရောက်ရှိလာသည့် အကူအညီပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာမုံခွန်း ဝိစစ်စတန်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားနှင့် ထိုင်းပြည်သူတို့က လှူဒါန်းသည့် တန်ချိန် ၂၀ ခန့်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပေးပို့ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#MyanmarNationalPost
No comments:
Post a Comment