ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့၌ ရွေ့လျားရေသန့်စက်ဖြင့် ရေပေးဝေနေမှု သွားရောက်အားပေးကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့၌ ရွေ့လျားရေသန့်စက်ဖြင့် ရေပေးဝေနေမှု သွားရောက်အားပေးကြည့်ရှု



MNP ၊ မေ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း လေဘေးသင့်ခဲ့သည့် ဒေသများအနက် စစ်တွေ၊ ရသေ့တောင်၊ မင်းပြား မြို့များတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရွေ့လျားရေသန့်စင်ကားငါးစီးဖြင့်လည်းကောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များအတွက် life Straw ရေသန့်စက်အလုံး ၅၀ ဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထပ်မံ၍ Life Straw ရေသန့် စက် အလုံး ၆၀ ဖြင့် ဖြန့်ဝေပေးပို့သွားမည်ဖြစ်သည်။


ယင်းသို့ ဆောင်ရွက်နေသည့်အပြင် ရွေ့လျားရေသန့်စက်ကိုအသုံးပြု၍ စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက် ထန်းပင်ရင်းမြေသားရေကန်မှ ရေကိုစုပ်ယူကာ ရပ်ကွက်နေပြည်သူများအား သန့်ရှင်းသောသောက်သုံးရေဖြန့်ဝေပေးနေမှုကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက သွားရောက်အားပေးကြည့်ရှုခဲ့သည်။ ၎င်းရေသန့်စက်များကို အသုံးပြု၍ ကျေးရွာများရှိ မြေသားရေစုကန်များမှ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)