မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်အောင်ခရိုင် စားသုံးသူရေးရာဦးစီးဌာတို့၏ စီစဥ်မှု ဖြင့် ရည်ညွှန်းစျေး ဆီတစ်ပိဿာလျှင် (၄၇၀၀) ကျပ်ဖြင့် စားသုံးဆီရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်အောင်ခရိုင် စားသုံးသူရေးရာဦးစီးဌာတို့၏ စီစဥ်မှု ဖြင့် ရည်ညွှန်းစျေး ဆီတစ်ပိဿာလျှင် (၄၇၀၀) ကျပ်ဖြင့် စားသုံးဆီရောင်းချပေး



MNP ၊ မေ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်အောင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာတို့၏ စီစဥ်မှုဖြင့် ရည်ညွှန်းစျေး ဆီတစ်ပိဿာလျှင် (၄၇၀၀)ကျပ်ဖြင့် စားသုံးဆီရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်က မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် မြို့မတဲကြီး ကုန်းကျေးရွာတို့တွင် လိုက်လံရောင်းချ ပေးခဲ့ကြောင်း သိရသည်။


ရည်ညွှန်းစျေး စားသုံးဆီတစ်ပိဿာလျှင် (၄၇၀၀)ကျပ်ဖြင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ဦးဆောင်၍ ရောင်းချပေးလျက်ရှိရာ မြန်အောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့် မြန်အောင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမြင့်အောင် တို့က ရပ်ကွက်ကျေးရွာနေ ပြည်သူများ စျေးသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး စနစ်တကျဆောင်ရွက်ပေးခဲ့ကြသည်။


မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ခရိုင်အတွင်း ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်များတွင် ၅ ရက် ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် စားသုံးဆီ(၅)ပေပါ စုစုပေါင်း (၂၅)ပေပါအား ရည်ညွှန်းစျေးဖြင့် ခွဲဝေ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဗိုလ် 

 https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)