သံတွဲခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




MNP ၊ မေ  ၁၆

သံတွဲခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ နံနက်၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။ 


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာတွင် မိုခါမုန်တိုင်းဘေးအန္တရာယ် ကျော်ဖြတ်သွားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေး မဖြစ်မီ ကော်မတီအဖွဲ့များ ပူးပေါင်းကြိုတင်ပြင်ဆင်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုနည်းပါးခဲ့ပါကြောင်း၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ ခရိုင် /မြို့နယ် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ များအနေဖြင့်  မိမိတို့မြို့နယ်အတွင်းပျက်စီးဆုံးရှုံးမှု စာရင်းများကို ပြည်စုံးစွာပြုစု၍ ယနေ့ မွန်းလွဲ ၂နာရီအရောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ပေးပို့ကြရန်နှင့် ပျက်စီးများသော ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌများနှင့် ပူးပေါင်း၍ကွင်းဆင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကြိုပြင်ဆင်ဆောင်ရွက် ကြရန်မှာကြားခဲ့သည်။ ၊ 


      ၎င်းနောက်သံတွဲခရိုင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က ကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး လုပ်ငန်းကော်မတီဝင်များက ကော်မတီအလိုက် ဆက်လက်ဆောင်ရွက်မည့်အခြေ အနေများနှင့် လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ ဌာနဆိုင်ရာများက မိမိတို့ဌာန အဆောက်အဦများပျက်စီးမှုအခြေအနေများကိုတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)