နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာအုပ်စု ခေကွဲကျေးရွာတွင် မိုခါ(Mocha) ဆိုင်ကလုံးမုန်တိုင်း အဖျားတိုက်ခတ်မိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာအုပ်စု ခေကွဲကျေးရွာတွင် မိုခါ(Mocha) ဆိုင်ကလုံးမုန်တိုင်း အဖျားတိုက်ခတ်မိ



MNP ၊ မေ  ၁၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နှင့် မိုင်(၄၀)အကွာ တောင်ဘက်အရပ် နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာအုပ်စု ခေကွဲကျေးရွာတွင် ယမန်နေ့ (၁၄.၅.၂၀၂၃) ည(၉:၁၇)အချိန်ခန့်တွင် မိုခါ(Mocha) ဆိုင်ကလုံးမုန်တိုင်း အဖျားတိုက်ခတ်မိသည်ဟု ကျေးရွာ (APH) စီမံချက် ကော်မတီထံမှ သိရသည်။


အဆိုပါ ဆိုင်ကလုံးမုန်တိုင်း အဖျားတိုက်ခတ်ရာတွင် လူနေအိမ်(၁၀)လုံးခန့်နှင့် သီလရှင်ကျောင်း (၂)လုံးခန့် သွပ်မိုးလှန်ခြင်းဖြစ်ပေါ်ခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာ စေတနာရှင်များက ဝိုင်းဝန်းပူးပေါင်း၍ အကူအညီလိုအပ်သူ မိသားစု(၁၀)စုခန့်အား ကျေးရွာဘုန်းကြီးကျောင်းသို့ ယာယီရွှေ့ပြောင်း ပေးထားကြောင်းနှင့် မုန်တိုင်းတိုက်ခတ်ရာ တွင် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ကနဦးသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment