တနင်္သာရီမြို့၌ မုန်တိုင်းဘေး ကြိုတင်ကာကွယ်နိုင်ရေးသတိပေးနှိုးဆော်ခြင်းနှင့်ပညာပေး စာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့၌ မုန်တိုင်းဘေး ကြိုတင်ကာကွယ်နိုင်ရေးသတိပေးနှိုးဆော်ခြင်းနှင့်ပညာပေး စာစောင်များဖြန့်ဝေ





MNP ၊ မေ  ၁၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် သက်ထူး၏ လမ် းညွှန်ချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေနှင့် ပတ်သက်၍အားကောင်းသော (မိုခါ)ဆိုင်ကလုံးမုန် တိုင်းဖြစ်နိုင်ခြေရှိနေသဖြင့် မိဘ ပြည်သူများသိရှိနိုင်ပြီး မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့များက ယမန်နေ့ ညနေ၄နာရီခွဲအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရေသယ်ယာဉ်ဖြင့် မြို့တွင်းလမ်းများအတိုင်း သတိပေးနှိုးဆော်ခြင်းနှင့် မုန်တိုင်းဘေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးကြောင်း သိရသည်။


 ထိုသို့ မုန်တိုင်းကြိုတင်ကာကွယ်ရေး နှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကား ရာလမ်းဆုံနေရာများသို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးကြေငြာချက်အရ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ (မိုခါ)အမည်ရှိ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ ထိခိုက်ပျက်စီးမှုနည်းအောင်သတိပြုနေထိုင်ကြပါရန်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်နေသောမိုးလေဝသ သတင်းများကိုလည်း အစဉ်တစိုက်နားထောင်၍လို က်နာကြပါရန် လိုက်လံသတိပေးနှိုးဆော်ပေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost













No comments:

Post a Comment