ငါ့သရောက်မြို့၌ မိုးဦးကာလ မိုးကြလာသည်နှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါ့သရောက်မြို့၌ မိုးဦးကာလ မိုးကြလာသည်နှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လာ


MNP ၊ မေ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ မိုးဦးကာလ မိုးရွာလာသည်နှင့် တောင်သူများဟာ တောင်ယာစိုက်ပျိုးရေး လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။


ငါ့သရောက်မြို့တွင် တောင်သူများဟာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်​ကြပြီး ယခုအခါ မိုးရွာလာ၍ မြေပဲ၊ နှမ်းများ သူထက်ငါ စိုက်ပျိုးနေကြကြောင်း ဆည်ကျေးရွာ စိုက်ပျိုးတောင်သူ ဦးကျော်စိုးထံမှ သိရသည်။ မိုးကျလာတော့ သုံးလမြေပဲနှင့် ခြောက်လမြေပဲများ စတင်စိုက်ပျိုးနေကြပြီး နွားရှဉ်းအငှားလိုက်သူများ၊ ယာထွန်စက် အငှားလိုက်သူများနှင့် မြေပဲချအငှားလိုက်သူများ သူထက်ငါ ငှားနေကျတော့ အငှားလိုက်သူတွေ နေ့စဉ်ဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment