ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးဌာနနှင့်ပြန်ဆက်ဦးစီးဌာတို့ ပူးပေါင်း၍ယနေ့ ညနေ (၄)နာရီအချိန်က ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်တွင် အသိပေးနှိုးဆော်ခဲ့သည်။


ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်‌ေပါ်‌ေန‌ေသာဆိုင်ကလုန်းမုန်တိုင်း မိုခါမုန်တိုင်း(MOCHA)သည်မြန်မာကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ကမ်းရိုးတန်း‌တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယဉ်များ အနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးပြီး ဖြစ်ပါသဖြင့် အဆိုပါမုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်းစစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက်ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိ‌အခြေအနေတွင်မုန်တိုင်းသည် လေတိုက်နှုန်း အမြင့်ဆုံး(၁၁၀)အထိ တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင် လှိုင်းအမြင့်မှာလည်း (၁၃)ပေမှ (၁၆)ပေအထိ မြင့်တက်နိုင်ပါသဖြင့် ငါးဖမ်းရေယဉ/လှေများ အထူးအန္တရာယ်ရှိသည့်အတွက် ပင်လယ်ပြင်သို့ လုံးဝ(လုံးဝ) မထွက်ကြရန်ညွှန်ကြားသည်။ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်‌ေကြာင်း အသိပေးနှိုးဆော်ခဲ့သည်။ထို့ပြင် ပင်လယ်‌ေရပြင်နှင့် နီးစပ်စွာ နေထိုင်ကြသောပြည်သူများအနေဖြင့် လည်း ခေတ္တခိုလုံနိုင်ရန် စုရပ်အနေဖြင့် ပြင်ဆင်ထားသော အ.ထ.က ကျိန္တလီကျောင်းသို့ ပြောင်းရွှေ့ နေထိုင်ကြရန် တို့ကိုလည်း အသိပေးနှိုးဆော်ခဲ့ကြောငသိရသည််။     


 https://t.me/MyanmarNationalPost    




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)