ဂွမြို့နယ်၌ မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေး





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်ရခိုင်ပြည်နယ်အစိုးရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအတွက်  စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းက မြို့မရပ်ကွက်နှင့် ရဟိုင်ကူးတို့ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။


 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြိုနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့မရပ်ကွက်ရှိ ကမ်းခြေဦးနှင့် ရဟိုင်ကူးတို့ ကျေးရွာရှိ ကမ်းခြေအနီး နေထိုင်သူများက  စာသင်ကျောင်းများတွင် မုန်တိုင်းခိုလှုံ နေထိုင်ကြစဥ် ကာလအတွင်း ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် ဆန်(၂၀)အိတ်၊ ၅ဂါလံ  ဝင်ဆီပုံး(၂၀)ပုံးနှင့် ရေသန့်ဘူးကြီး(၁၀)ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအား မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နေထိုင်နည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)