မာန်အောင်မြို့နယ်၌ ဆိုင်ကလုန်းချာတာများတွင် မုန်တိုင်းခိုလုံနေသည့် ပြည်သူများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ ဆိုင်ကလုန်းချာတာများတွင် မုန်တိုင်းခိုလုံနေသည့် ပြည်သူများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေး






MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းခိုလုံရန်ဆိုင်ကလုန်းချာတာများ သို့ရွှေ့ပြောင်းပေးပြီး စာနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဥ်ဖြင့်ထောက်ပံ့သော စားနပ်ရိက္ခာများကို ရှေ့တန်းအမှတ်(၃၄၄)ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီကျော်စွာလှိုင်၊အမှတ်(၁၉)ရေတပ်စခန်းမှ ဗိုလ်မှူးကျော်စိုးဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုး၊အတွင်းရေးမှူး ယာယီရဲမှူးအောင်သန်းဝင်း၊(ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွဋ်နှင့်မြိုနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျေးရွာရှိ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ဝင် များနှင့်အတူသွားရောက်ပြီးခအုန်းမော်ကျေးရွာ၊သိမ္ဘလကျေးရွာ၊ကုန်းတန်းကျေးရွာ၊ပန်းဖဲကျေးရွာ၊ရေမျက်ဝကျေးရွာ၊ကျီချောင်းဝကျေးရွာ၊ဇီးတောကျေးရွာ၊ကျူကျေးရွာ၊ကမားကျေးရွာ၊ကအီးကျေးရွာစသည့် ဆိုင်ကလုန်းချာတာများတွင် လာရောက်ခိုလုံလာကြသည့် ဒေသခံပြည်သူအိမ်ထောင်စု(၂၂၀၇)စု၊ကျား(၂၃၈၂)ဦး၊မ(၂၄၄၇)ဦး၊စုစုပေါင်း(၄၈၂၉)ဦးတို့အားဆန်(၁၉၀)အိတ်၊ဆီ(၁၉၀)ပိဿာ၊ငါး(၉၀)ပိဿာ၊ဆား(၉၀)ပိဿာတို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)