မာန်အောင်မြို့နယ်၌ အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အနီရောင်အဆင့် မုန်တိုင်းသတိပေးချက်ကြေညာ



MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ အနီရောင်အဆင့်မုန်တိုင်းသတိပေးချက်ကို ယနေ့ ညနေ ၅နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးကြေညာခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပေးကြေညာရာတွင်  မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဘင်္ဂလားဒေ့ရှ်၊မြန်မာကမ်းရိုးတန်းသို့ဦးတည်ရွှေ့လျားနိုင်သည့် အခြေအနေရှိသဖြင့် အနီရောင်အဆင့်သတ်မှတ်ပါသည်။


          အဆိုပါမုန်တိုင်းသည် အားအလွန်ကောင်းသော မုန်တိုင်းအဖြစ်ဖြင့်မြောက်အရှေ့မြောက်ဘက်သို့တဖြည်းဖြည်းရွှေ့လျားကာဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့နှင့်မြန်မာနိုင်ငံကျောက်ဖြူမြို့ အကြားဖြတ်ကျော်ဝင်ရောက်မည်ဟု ခန်းမှန်းရပါသည်။


         သို့ဖြစ်ပါ၍မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိသက်ကြီးရွယ်အိုများ၊နာမကျန်းဖြစ်နေသူများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ကလေးသူငယ်များနှင့်မိခင်များ အနေဖြင့် မိမိတို့နှင့်နီးစပ်ရာ ဆိုင်ကလုန်းချာတာ၊စာသင်ကျောင်း၊ဘုန်းကြီးကျောင်းများသို့ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြရန်နှင့် အနီရောင်အဆင့် သတိပေးချက်အဖြစ်ဥသြဆွဲ အသိပေးကြေညာခဲ့ ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)