ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့နယ်တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ Command post တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


မောင်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် ကျေးရွာအုပ်စု ( ၆)စု၊ အိမ်ထောင်စု  ၉၉၄ စု ၊ လူဦးရေ ၈၆၇ ဦး အား ဘေးလွတ်သည့် ခိုလှုံ ရွှေ့ပြောင်းရာ နေရာများသို့ ယနေ့ နံနက်ပိုင်း က  မော်တော်ယာဉ်များ ဖြင့်  ပြောင်းရွှေ့ပေးလျက်ရှိကြောင်း နှင့် ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ၏ စားဝတ် နေ ရေး အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက  စားနပ်ရိက္ခာများထောက်ပံ့ပေးခဲ့ပြီး ခရိုင်ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စုများအတွက် ထောက်ပံ့ ပစ္စည်း(၁၆)မျိုး အသင့် စုဆောင်း ထားရှိပြီး ကူညီ ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)