မာန်အောင်မြို့နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့်လမ်းမပေါ်တွင် ကျိုးကျနေသောသစ်ပင်၊သစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များအား ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့်လမ်းမပေါ်တွင် ကျိုးကျနေသောသစ်ပင်၊သစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များအား ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်






MNP ၊ မေ  ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းမပေါ်တွင် ပြန့်ကျဲ ကျိုးကျနေသော သစ်ပင်၊သစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များအား ယနေ့နံနက်၈နာရီက ဌာနဆိုင်ရာနှင့်ဝန်ထမ်းများစုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။


   ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော် တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ပါဝင်သော ပူးပေါင်း အဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ လမ်းမပေါ်တွင် ပြန့်ကျဲ နေသောသစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များ၊လမ်းမပေါ်သို့ထိုးထွက်နေသောသစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း၊အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ကားများဖြင့်စနစ်တကျစွန့်ပစ်ခြင်းစသည့် သန့်ရှင်းရေးများကိုစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)