ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်အနာဂတ် အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်အနာဂတ် အသိပညာပေး Talk Show ကျင်းပ


MNP ၊ မေ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်မည့် လူငယ်များဖြစ်ပေါလာစေရန်ရည်ရွယ်၍  လူငယ်နှင့်အနာဂတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၉:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်အိရွှေစင်က လူငယ်ဟူသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြသူများဖြစ်ရာ လူငယ်များကို မှန်ကန်စွာလေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် တန်ဖိုးမြင့်မားသည့် လူစွမ်းအားအရင်းအမြစ်များဖြစ်လာမှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားအောင်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊  ယနေ့လူငယ်များသည် အနာဂတ်တိုင်းပြည်၏ မျိုးဆက်သစ်များဖြစ်ရာ ဗလငါးတန်နှင့်ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


သို့ဖြစ်ရာ စာရေးဆရာမဇင်ဝေဝေနှင်း(အယူတော်မင်္ဂလာ)က အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးဟူသော ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်မှ လူငယ်များအတွက် အသက်မွေးဝမ်း ကျောင်းပညာများ၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသား/သူ၊ လူငယ်များအတွက် ရွေးချယ်စရာပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မိမိတို့၏အနာဂတ် ဘဝလမ်းကြောင်းနှင့် ကိုက်ညီစွာရွေးချယ်နိုင်ရန် စီမံဖန်တီးပေးထားမှုကိုလည်း တွေ့မြင်ကြရမည်ဖြစ်ကြောင်းနှင့် လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ဖန်တီးရန်တာဝန်ရှိသူများ၊ ဖန်တီးနိုင်စွမ်းရှိသူများအဖြစ် ယုံကြည်ရဲရင့်လာကြမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။


ရန်ကင်းမြို့နယ်တွင် လူငယ်များ၏အနာဂတ် ဘဝလမ်းကြောင်းများလှပစေရန်ရည်ရွယ်၍ လူငယ်နှင့်အနာဂတ် အသိပညာပေးဆွေးနွေးပွဲကို We Love Yankin Page နှင့် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကင်းမြို့နယ်ဦးစီးမှူးမှ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment