အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်







MNP ၊ မေ ၁၆

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ၅ ဦးစာ ရိက္ခာထုတ် ၆,၀၀၀ ထုတ် (၆၀ တန်ခန့်)၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၁၂,၀၀၀ အိတ် (၆၀၀ တန်)၊ တာပေါ်လင်လိတ် ၁၀၀၀ လိတ်(၃၇ တန်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးမှ ဆန် ၅ ပြည်ဝင် အိတ် ၁၀,၀၀၀ အိတ် (၁၀၅ တန်ခန့်)၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အိမ်ရိုက်သံ ၃၅ တန်၊ သွပ် ၄၀,၀၀၀ ချပ် (၁၆၀ တန်)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile ကား ၁ စီး (၅ တန်)၊ ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း ၁၇ တန်၊ စုစုပေါင်း ၁,၀၁၉ တန်ခန့်အား ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် တင်ဆောင်၍လည်းကောင်း၊ စစ်ရေယာဉ်(မဟာဗန္ဓုလ)သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ ဓာတ်ဆားထုတ် ၈,၈၀၀ ထုတ်၊ ကြက်ဥ ၅,၀၀၀ လုံး၊ ရေသန့်နှင့် အသား/ငါးများ၊ ငါးပိ ၁၀၀ ပိဿာ၊ ငါးခြောက် ၈၀၀ ပိဿာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥ ၁၀,၀၀၀ လုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀ အိတ် (၂၅ တန်)၊ စုစုပေါင်း ၂၈.၂ တန်ခန့်အား အမှတ်(၄)ရေတပ်ဆိပ်ခံတံတားတွင် တင်ဆောင်၍လည်းကောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့် အဖွဲ့များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ရန်ထွက်ခွာသွားသည်။


ထို့အတူ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးပစ္စည်းများတင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)