မြောက်ဦးမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ အား မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ပြောင်းရွှေ့လျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ အား မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ပြောင်းရွှေ့လျှက်ရှိ






MNP ၊ မေ  ၁၃

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ခိုလုံရာနေရာသို့ ယနေ့ နံနက် ၈ နာရီ အ ချိန်က အောင်တပ်ရပ်ကွက် အောင်တပ်ချောင်းမှ စက်လှေများဖြင့် ရောက်ရှိလာသူများအား မြောက်ဦးမြို့ပေါ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့ပေး လျှက်ရှိ သည်။


မုန်တိုင်းဘေးအန္တရာယ် ခိုလုံရာသို့ ရောက် ရှိလာသည့်ပြည်သူများအား   နယ်မြေခံတပ်မမှူး  ဦးဆောင်၍  ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံ ခန့် ခွဲမှုအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန် ရှိ သူ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ  မြို့ပေါ် ရပ် ကွက် များရှိ ဘုန်း တော်ကြီးကျောင်း ကျောင်းသို့ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့ ကသက်ကြီး ရွယ်အိုများ၊မသန်စွမ်း သူများ၊ကလေး သူငယ် များကို ကားပေါ်ရောက်ရှိအောင် လိုက်လံပို့ ဆောင် ပေး လျှက်ရှိသည်။


မြောက်ဦးမြို့နယ်အတွင်းမှ မုန်တိုင်းဘေးခိုလုံရာသို့ ရောက်ရှိလာသည့်ကျေးရွာများမှာ စက်သား ရွာ၊ ကွင်းမြောင်ရွာ၊ လေးဆူပြားရွာ၊ ဘုရားများ ရွာစ သော ကျေးရွာ(၅၀) ကျော်မှ အိမ်ထောင်စု ( ၆၂၀၀ ) စု၊ လူဦးရေ ( ၃၄၅၀၀ )  ဦးအားဘေး လွတ် သည့် ခိုလှုံရွှေ့ပြောင်းရာနေရာများသို့ ယနေ့ နံနက်ပိုင်းအချိန် ကပြောင်းရွှေ့ပေး လျက်ရှိ ကြောင်း နှင့် ရွှေ့ပြောင်း နေထိုင်ကြသော ပြည်သူ များ၏ စားဝတ်နေရေးအတွက် ရခိုင်ပြည် နယ် အစိုးရ အဖွဲ့မှ ဆန်၊ဆီ ၊ ဆား၊ ငပိများကို စုဆောင်း ထားရှိပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန မှလည်း အိမ်ထောင်စု (၆၂၀၀) စုအတွက် ပစ္စည်း(၁၆) မျိုးအသင့်စုဆောင်းထားရှိပြီးလူမှု ရေး အ သင်းအဖွဲ့ များ လည်း ကူညီထောက်ပံ့ နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။


ထို့နောက် စစ်တွေမြို့၊ ပေါက်တောမြို့ ၊ မင်းပြားမြို့၊ပုဏ္ဏားကျွန်း စသောမြို့နယ်များမှလည်း မြောက်ဦးမြို့ပေါ်သို့ ပြောင်းရွေ့လာကြပြီး မိသားစု၊ဆွေမျိုးများနေအိမ်တွင်လည်းကောင်း တည်းခို ခန်း၊ ဟိုတယ်များနှင့် ဘုန်းတော်ကြီးကျောင်းများဖြစ်သော အလိုတော်ပြည့်ကျောင်း ၊အောင်မင်္ဂ လာကျောင်း၊သျှစ်သောင်းဘုန်းတော်ကြီးကျောင်း စသော ဘုန်းတော်ကြီးကျောင်း (၄၀) ကျော် တွင် တည်ခိုနေထိုင်လျှက်ရှိပြီး ရောက်ရှိလာသော ရွေ့ပြောင်းပြည်သူများအတွက် စားနပ်ရိက္ခာ နှင့် တည်း ခိုနေထိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင် ရာစီ မံခန့် ခွဲမှုအဖွဲ့ နှင့်လူမှုရေးအဖွဲ့အစည်းတို့မှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)