ကြံခင်းမြို့တွင် ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ




MNP ၊ မေ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပကြရာကို ယမန်နေ့နံနက်ပိုင်းက လမ်းမတော်လမ်းမကြီးဘေး လူစည်းကားရာ နေရာတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊  မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးတို့က ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။


ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏  ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ (၃၁) ရက်နေ့ထိ  "ကျောင်းနေအရွယ် ကလေး အားလုံး  ပညာရေးမဝေးစေဖို့   ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်ဖြစ်ပြီး၊  အဆိုပါဆိုင်း ဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးနှင့် ဆရာ/ဆရာမများတက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)