ရသေ့တောင်၌မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်၌မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်




MNP ၊ မေ  ၁၃

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။


 ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ပူးပေါင်းပါဝင်သောအဖွဲ့က ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မိုးခါမုန်တိုင်းသည်အားအလွန်ပြင်း လာပြီး မုန်တိုင်းအရှိန်ကြောင့်ဒီရေကြီးခြင်း၊.လေပြင်းတိုက်ခတ်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်မြေပြိုခြင်းတို့ဖြစ်ပေါ်လာနိုင်သည့်အတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့်  သက်ကြီးရွယ်အို များ နှင့် နာမကျန်းဖြစ်နေသူများအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီကျောင်း၊စာသင်ကျောင်းများသို့ ကြိုတင်

ပြောင်း ရွှေ့ပေးကြပါရန် ၊အရေးကြီးစာရွက်စာတမ်းများအားလုံခြုံစွာသိမ်းဆည်းထားကြရန်၊ မိမိတို့တွင်စားရေရိက္ခာများ စုဆောင်းထားပါရန်နှင့်ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဥ်များ မထွက်ကြရန်တို့ကိုအများပြည်သူသွားလာရာလမ်းများ၊ ဘုတ်ဆိပ်၊ သင်္ဘောဆိပ်၊ လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)