တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ပြောင်းရွှေ့ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ပြောင်းရွှေ့ပေးလျက်ရှိ






MNP ၊ မေ  ၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက် ရှိကြောင်းသိရသည်။


ထိုသို့၏ယာယီခိုလှုံရာစခန်းများဆီသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် ငမောက်ချောင်း ကျေးရွာအုပ်စု ၊ ဖောင်းခါးကျေးရွာအုပ်စု ၊ ဂျီပြင်ကျေးရွာအုပ်စု ၊ အရှေ့ဘက်ကျေးရွာအုပ်စု ၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု နှင့် ကုလားရောင်ကျေးရွာအုပ်စု ရှိကျေးရွာများမှ ပြည်သူများအား တောင်ကုတ်မြို့ပေါ်ရှိ သိမ် တောင်ဘုရားကြီးကျောင်းတိုက် ၊ အာလိန်ငါးဆင့်ကျောင်းတိုက် ၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ၊ ဝိသုတာရာမ ကျောင်းတိုက်နှင့်သဒ္ဓမ္မရောင်ရှိန်ကျောင်းတိုက်များတွင်စီစဉ်နေရာချထားပေးပြီး အချို့ပြည်သူများအား ကျေး ရွာရှိ  Cyclone Shelter များ ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စီစဉ်နေရာချထား ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ယာယီခိုလှုံမည့်စခန်းများသို့ပြောင်းရွှေ့ပြီးသူစုစုပေါင်း(၅၇၀၅)ဦးရှိ ကြောင်းလည်းသိရသည်။


အဆိုပါ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခိုလှုံကြသည့် ပြည်သူများအား ‌ရွှေ့ပြောင်းပေးရေး ၊နေထိုင်စားသောက်ရေး ၊ ကျန်းမာရေးကိစ္စများအဆင်ပြေစေရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်      သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)