အလွန့်အလွန်အားကောင်းသောဆိုင် ကလုန်းမုန်တိုင်း "မိုခါ" အန္တရာယ် အသိ‌ပေးနှိုးဆော်ချက် ပေါက်တောမြို့၌ ​လှည့်လည်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလွန့်အလွန်အားကောင်းသောဆိုင် ကလုန်းမုန်တိုင်း "မိုခါ" အန္တရာယ် အသိ‌ပေးနှိုးဆော်ချက် ပေါက်တောမြို့၌ ​လှည့်လည်ကြေညာ






MNP ၊ မေ  ၁၃

ရခိုင်​​ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့ရပ်ကွက် များတွင် ယနေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာကြသည်။


ထို့သို့ ကြေညာရာတွင် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်နေသော အလွန့်အလွန်အားကောင်းသောဆိုင် ကလုန်းမုန်တိုင်း “မိုခါ” မြောက်-အရှေ့မြောက်သို့ ရွေ့လျား ကိုကိုးကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင် ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် လက်ရှိ ကော့ဘဇား-ကျောက်ဖြူတို့ကြားကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်-အနီရောင်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊မိဘပြည်သူများ၊သက်ကြီးရွယ်အိုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်၊ ဒီရေမြင့်တက်လာနိုင်သောကြောင့် အသက်အန္တရာယ်နှင့်ကြုံတွေ့လာပါက အသက်ကယ် အင်္ကျီများ ဝတ်ဆင် ထားကြရန် ၊မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက် ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက် များ၊ရှောင်ရှား သင့်သည့် အချက် များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)