ပေါက်တောမြို့ မြို့မဈေးကြီး၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ မြို့မဈေးကြီး၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်းလျက်ရှိ





MNP ၊ မေ  ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊​ ေပါက်တောမြို့မြို့မဈေးကြီးတွင် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုသက်သာစေရေးရည်ရွယ်၍ ဈေးဆိုင်များမှ ပစ္စည်းသိမ်းဆည်း​ခြင်းကို ယနေ့ နံနက်ပိုင်းကစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ထို့​ပြင် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု Commend Center ရုံးခန်းဖွင့်လှစ်ပြီး ကော်မတီဖွဲ့စည်း၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်လျှက်ရှိခြင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါကအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ထားရှိခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ဆောင်ရွက်ထားရှိ ကြောင်းသိရသည်။


ဝင်းမင်းစိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)