ရသေ့တောင် မြို့နယ်၌ မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့နယ်၌ မုန်တိုင်းခိုလုံရာနေရာများရှိ ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့ပေး





MNP ၊ မေ  ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင် မြို့နယ်တွင်ရခိုင်ပြည်နယ်အစိုးရနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်းခိုလှုံရာနေရာများရှိ ပြည်သူများအတွက်စာနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား Lifejackets များထုတ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြိုနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက စာသင်ကျောင်းများ၊ဘုန်းကြီးကျောင်းများတွင် မုန်တိုင်းခိုလှုံ နေထိုင်ကြစဥ် ကာလအတွင်း ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေးအတွက် ဆန်(၂၉)အိတ်၊ ၅ဂါလံ ဝင်ဆီပုံး(၇)ပုံး၊ငပိ(၇)ပိသာ၊ဆား(၇)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအား မုန်တိုင်းအန္တရာယ်မှ ကင်းဝေးစေရေး ကြိုတင်ကာကွယ်နေထိုင်နည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)