MNP ၊ မေ ၁၃
ယမန်နေ့ ညက ယှဉ်ပြိုင်ခဲ့သည့် (၃၂)ကြိမ်မြောက်၊ ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာ့က်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းအား (၄-၂)ဖြင့် ရလာဒ်ဖြင့် အနိုင်ရရှိခဲ့ရာ ထိုပွဲစဉ်တစ်ပွဲတည်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဆုကြေးငွေ သိန်း ၁၀၀၀ ကျပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် နာယကကြီး ဦးတေဇမှ ဆုကြေးငွေကျပ် သိန်း ၅၀၀ ကျပ်၊ စုစုပေါင်း သိန်း ၁၅၀၀ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အုပ်စုပွဲမှနေ၍ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့စဉ်ကလည်း တာဝန်ရှိသူများအနေဖြင့် ဆုကြေးငွေကျပ် သိန်း ၁၅၀၀ ချီးမြှင့်ထားခဲ့ပြီးဖြစ်ရာ လက်ရှိအချိန်အထိ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် စုကြေးငွေ ကျပ် စုစုပေါင်း သိန်း ၃၀၀၀ ချီးမြှင့်ထားပြီးဖြစ်သည်။
မြန်မာလက့်ရွေးစင်အမျိုးသမီး အသင်းသည် ၁၅-၅-၂၀၂၃ ရက်နေ့တွင် ဗီယက်နမ်အမျိုးသမီးအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်မည်ဖြစ်သည်။
#MyanmarNationalPost





No comments:
Post a Comment