ရသေ့တောင်မြို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ မေ  ၁၃

 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့၊ နံနက်(၉)နာရီကအရှေ့မြောက်ရပ်ကွက်ရှိအောင်မြေဗောဓိသာသာနာ့ရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်အတွင်း အရေးပေါ်ရွေ့ပြောင်းထားသော Command Post အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။


ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကမ်းနီးကျေးရွာများအားကြိုတင်ပြောင်းရွေ့ဆောင်ရွက်မှုများအတွက်ဖွဲ့စည်းထားသည့် အဖွဲ့များက တစ်နာရီခြား သတင်းတင်ပြကြရန်၊ မြို့နယ်ပြန်/ဆက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ထုတ်ပြန်ထားသည့် မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ်သတင်းများကို အချိန်နှင့်တပြေးညီ နှိုးဆော်ဆောင်ရွက်ကြရန်၊တာဝန်အသီးသီး ခွဲဝေကာ ဆွေးနွေးခဲ့သည်။


ဆက်လက်၍တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကြက် ခြေနီအသင်းမှတာဝန်ရှိသူများကကြိုတင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား တင်ပြဆွေးနွေး ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)