ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါကကြိုတင်ပြင်ဆင်ရန်ညှိနှိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါကကြိုတင်ပြင်ဆင်ရန်ညှိနှိုင်းဆောင်ရွက်




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ရသေ့တောင်မြို့နယ်တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျ စီစဉ်ဆောင်

ရွက်နိုင်ရန် အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိ Command post ရုံးခန်းတွင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌက ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းကာတတိအကြိမ်မြောက်အစည်းအဝေးကိုယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းထက်က ရသေ့တောင် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်မှုများ ရှိနိုင်သည့် မြို့နယ်တွင်းမြေနိမ့်ပိုင်းတွင်ကျရောက်သောကျေးရွာအုပ်စု(၂၈)အုပ်စုနှင့်ကျေးရွာပေါင်း(၅၈)ရွာ၊အိမ်ထောင်စု(၁၀၁၀၆)စုမှ လူဦးရေ(၄၈၉၂၅)ဦးကိုဘေးလွတ်ရာကုန်းမြင့်ပိုင်းရှိကျေးရွာဘုန်းတော်ကြီးကျောင်းများနှင့်စာသင်ကျောင်းများသို့ပြောင်းရွေ့နိုင်ရန် စီစဥ်ဆောင်ရွက်မှုအခြေအနေများအား မိမိတို့တာဝန်ပေးထားသည့်ဌာနအလိုက်တင်ပြကြရန်ပြောကြားပြီး၊ ​မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်ဌာနဆိုင်ရာများကမိမိတို့တာဝန်ယူထားသည့်ကျေးရွာစာရင်းများအလိုက်ပြောင်းရွေ့ကျေးရွာလူဦးရေစာရင်းများအားတင်ပြပြီး ဥက္ကဌမှဆက်လက်ဆောင်ရွက်ရမည့်အစီစဥ်များအားလမ်းညွှန်မှာကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)