ရသေ့တောင်၌မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်၌မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်၌  မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။


     ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပါဝင်သောအဖွဲ့က ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက်ရပ်ကွက်/ကျေးရွာများအတွင်းရှိ မိဘပြည်သူများအနေဖြင့် မေ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေလမ်းခရီးသွားလားခြင်း၊ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့်ချောင်းငယ်မြစ်ငယ်များ အနီးတွင်နေထိုင်ကြသော ပြည်သူများ၊ သက်ကြီးရွယ်အို များ  နှင့် နာမကျန်းဖြစ်နေသူများအနေဖြင့် နီးစပ်ရာဘုန်းတော်ကြီကျောင်း၊ စာသင်ကျောင်းများသို့ ကြိုတင်ပြောင်း ရွှေ့ပေးကြပါရန် နှင့် မိမိတို့တွင်အသင့်စားရိက္ခာခြောက်များ စုဆောင်းထားပါရန်အများပြည်သူသွားလာရာလမ်းများ၊ ဘုတ်ဆိပ်၊ ‌သင်္ဘောဆိပ်၊ မော်တော်ကားဂိတ်

နှင့်လမ်းဆုံ/လမ်းခွများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)