ရသေ့တောင်မြို့၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများအား ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများအား ဆောင်ရွက်





MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိရာ ရသေ့တောင်မြို့နယ်တွင်မြေနိမ့်ပိုင်းတွင်ကျရောက်သောကျေးရွာအုပ်စု(၂၈)အုပ်စုနှင့်ကျေးရွာပေါင်း(၅၈)ရွာ၊အိမ်ထောင်စု(၁၀၁၀၆)စုမှ လူဦရေ(၄၈၉၂၅)ဦးကိုဘေးလွတ်ရာကုန်းမြင့်ပိုင်းကျေးရွာများရှိစာသင်ကျောင်းဘုန်းကြီးကျောင်းများသို့ပြောင်းရွေ့နိုင်ရန် စီစဥ်ဆောင်ရွက်လျှက်ရှိသည်။


ယနေ့ နေ့လယ်ပိုင်းထိပြောင်းရွေ့သည့်လူဦးရေ၏ ၉၀%ခန့်ရှိရာ ကျန်လူများမှာလည်းဆက်လက်ပြောင်းရွေ့နေကြပြီးကားများ၊စက်လှေများဖြင့်အိမ်ထောင်စုအလိုက်ပြောင်းရွေ့ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

ထိုသို့  ရွှေ့ပြောင်းရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ကျေးရွာလူမှုရေးအသင်းအဖွဲ့များကကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)