ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ အ-ထ-က ကျောင်းရှေ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့်စာသင်ခန်းများအားခြင်ဆေးဖျန်းနေမှုကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ အ-ထ-က ကျောင်းရှေ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့်စာသင်ခန်းများအားခြင်ဆေးဖျန်းနေမှုကြည့်ရှုအားပေး






MNP ၊ မေ  ၂၇

     ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပြန်လည်ထူရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသောတပ်မတော်(ရေ)ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်၈နာရီက မာန်အောင် အ-ထ-ကရှေ့၌  ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက် နေမှုနှင့်သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အတွက် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


  ထိုသို့ စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ က ကျောင်းဖွင့်ချိန်တွင် ကျောင်းဝန်းကျင် သန့်ရှင်းသာယာပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြား နိုင်စေရန်  စုပေါင်းပြီး သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊သစ်ကိုင်း၊သစ်ခက်၊သစ်ရွက်၊အမှိုက်များ ကောက်ခြင်း၊အမှိုက်များကိုစနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ကျောင်းသား/သူများအားသွေးလွန် တုပ်ကွေး ကြိုတင် ကာကွယ်နိုင်ရေးအတွက် စာသင်ခန်းများအား မာလာသီယွန်(Malathion)ခြင်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


     အဆိုပါ ဆောင်ရွက်ရာသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)