ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဗန်းမော်မြို့ သုံးမိုင်မြို့ရှောင်လမ်းသစ်ဖွင့်ပွဲနှင့် ပန်းအလှပင်စိုက်ပျိုးပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဗန်းမော်မြို့ သုံးမိုင်မြို့ရှောင်လမ်းသစ်ဖွင့်ပွဲနှင့် ပန်းအလှပင်စိုက်ပျိုးပွဲ တက်ရောက်









MNP ၊ မေ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့၊ သုံးမိုင်မြို့ရှောင်လမ်းသစ်ဖွင့်ပွဲအခမ်းအနားနှင့် ပန်းအလှပင်စိုက်ပျိုးပွဲ သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မေ ၂၆ ရက် နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန် ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်ချုပ်အောင်မျိုးဦး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တို့သည် လမ်းဦးစီးဌာနမှ ကြီးကြပ်၍ ထက်ရှိုင်းလင်း ကုမ္ပဏီ နှင့် မန်းပြည်တံခွန် ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် ဗန်းမော်မြို့၊ သုံးမိုင်မြို့ရှောင်လမ်း အရှည် ၂ မိုင် ၇ ဖာလုံ၊ အကျယ် ၂၄ ပေရှိ ကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတို့တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးခက်ထိန်နန် က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်မောင်အုန်း က လမ်းတည်ဆောက်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ကမ္ဗည်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာပက်ဖြန်းပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မေတ္တာမွန်ပန်းဥယျာဉ်၌ ပန်းအလှပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက မေတ္တာမွန်ဥယျာဉ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးဆောင်ရွက်ထားမှုအခြေအနေအား ရှင်းလင်းတင်ပြကာ ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ပန်းအလှပင်များအား ပေးအပ်ကာ ပန်းအလှပင်များ အသီးသီး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)