ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ပြည်လုံးပျော်ရွှင်စေတီ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် စိန်ဖူးတော်အသစ်တင်လှူပူဇော်နိုင်ရေး ကြည့်ရှူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ပြည်လုံးပျော်ရွှင်စေတီ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် စိန်ဖူးတော်အသစ်တင်လှူပူဇော်နိုင်ရေး ကြည့်ရှူဆောင်ရွက်






MNP ၊ မေ  ၁၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်  သဲဖြူကုန်းကျေးရွာ ပြည်လုံးပျော်ရွှင်စေတီ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့်  စိန်ဖူးတော်အသစ်တင်လှူပူဇော်နိုင်ရေး ကြည့်ရှူ့ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်လုံးပျော်ရွှင်စေတီ‌တော်၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ စမ္ပာနဂိုရ်ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က နဝကမ္မအလှူအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊အခြားအလှူခံရရှိရေး အလှူရှင်များအား ဖိတ်ခေါ်ခြင်းအပြင်  ရွှေထီးတော်နှင့်ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက်ဆော်ဩသွားမည်ဖြစ်သည်။


ထိုပြည်လုံးပျော်ရွှင်စေတီတော်ကြီးသည် ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး မလတ်တောင်တွင်တည်ရှိပြီး စေတနာရှင်အလှူရှင်များအနေဖြင့် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်ပါဝင်လှူဒါန်းနိုင်ပါကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)