ကန်ကြီးထောင့်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇)လုံး၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(၁)ရုံး ထပ်မံပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၇)လုံး၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(၁)ရုံး ထပ်မံပျက်စီး



MNP ၊ မေ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ​ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခန့်အချိန်တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်(၇)လုံး၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး (၁)ရုံးတို့ ထပ်မံ၍ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ မေလ ၁၄ ရက်နေ့  ညနေ  ၃ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန်ကြီးထောင့်မြို့၊ ဆပ်ကွင်း ကျေးရွာအုပ်စု၊ ကျွဲလမ်းစုကျေးရွာရှိ ဒေါ်စန်းစန်းအေးပိုင်ဆိုင်သော မိသားစု(၁)ဦး နေထိုင်သည့် သွပ်မိုး၊ ဓနိကာ၊ ပျဥ်ခင်း (၁၅×၁၅×၁၂)ပေ၊ ညောင်ကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်း​ကျေးရွာနေ ဦးကြည်ခိုင် ပိုင်ဆိုင်သော မိသားစု (၇)ဦး နေထိုင်သည့် သွပ်မိုး၊ ပျဥ်ခင်း၊ ထနိကာ(၁၅×၁၅×၁၂)ပေပြိုကျပျက်စီးခဲ့သည်။ အလားတူစွာ ဒါးက ကျေးရွာနေ ဦးကိုထွေး ပိုင်ဆိုင်သည့် မိသားစုဝင်(၅)ဦး နေထိုင်သည့် ဓနိမိုး၊ ထရံကာ၊ ဝါးအိမ်(၁၅×၁၅×၁၂)ပေရှိ လူနေအိမ်၊ ဦးခင်မြင့် ပိုင်ဆိုင်သော မိသားစု(၃)ဦး နေထိုင်သည့် ဓနိမိုး၊ ထရံကာ ဝါးအိမ်(၁၅×၁၅×၁၂)ပေရှိ လူနေအိမ်တစ်လုံး၊ ဦးချမ်းငြိမ်း ပိုင်ဆိုင်သည့် မိသားစုဝင်(၅)ဦး နေထိုင်သည့် ဓနိမိုး၊ ထရံကာ ဝါးအိမ် (၁၅×၁၅×၁၂) ပေရှိ လူနေအိမ်နှင့် ဦးဇော်နိုင် ပိုင်ဆိုင်သည့် မိသားစု(၄)ဦး နေထိုင်သည့် ဓနိမိုး၊ ထရံကာ (၁၅×၁၅×၁၂)ပေရှိ ဝါးအိမ်တို့မှာ ပြိုကျပျက်ဆီးခဲ့ကြောင်း သိရသည်။


အဆိုပါမေလ ၁၄ ရက်နေ့  ညနေ (၃)နာရီခန့် လေပြင်းတိုက်ခတ်မှုကြောင့် ဆိပ်သာကျေးရွာအုပ်စု ဗန်းမော်ချောင်း ကျေးရွာနေ ဦးဝင်းမောင် ပိုင်ဆိုင်သည့်  မိသားစု(၅)ဦးနေထိုင်သည့် ဓနိမိုး၊ ပျဥ်ကာကြမ်းခင်း  (၁၈×၁၅×၁၃) ပေ ရှိ လူနေအိမ်တစ်လုံးတို့မှာလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


အလားတူစွာ ပိတောက်ပင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ သွပ်မိုးထရံကာ (၃၀×၁၈)ပေမှာ အမိုးများ လန်ကျပျက်စီးခဲ့​ပြီး သရက်ကွင်းကျေးရွာအုပ်စု၊ ရေကျော်ကြီးကျေးရွာရှိ မေခဝတီ ဘုန်းတော်ကြီးကျောင်းဆောင် (၂)ဆောင်တို့မှာလည်း သစ်ပင်လဲကျခဲ့သဖြင့် အမိုးများ ပျက်ဆီးခဲ့​သည်။


အဆိုပါ လေပြင်းတိုက်ခတ်ရာနေရာများသို့ မြို့နယ်သဘာဝဘေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ သွားရောက်၍ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ပျက်စီးမှုများအမြန်ဆုံး ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


မဇင်

 https://t.me/MyanmarNationalPost











No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)