၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ



MNP ၊ မေ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းများကို မေ (၂၃)ရက်နေ့တွင် စတင်ကျောင်းအပ်လက်ခံခဲ့ရာ  အခြေခံပညာကျောင်းများသို့ မေ ၂၆ ရက်နေ့အထိ ကျောင်းအပ်လက်ခံရာ မူ၊ လယ်၊ ထက် ကျောင်းသား၊ကျောင်းသူ( ၃၄၁၂၂)ဦး လာရောက်အပ်နှံထားကြောင်း သိရသည်။


ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံနှင့် မူလတန်းအဆင့်ကို ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းစသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


တွံတေးမြို့နယ်တွင် ယမန်နေ့အထိ မူလတန်းအဆင့်တွင် (၂၅၃၇၅)ဦး၊ အလယ်တန်းအဆင့်တွင် (၆၄၉၄)ဦး၊ အထက်တန်းအဆင့်တွင် (၂၁၅၃)ဦး အထက်တန်း၊ အလယ်တန်း မူလတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၁၂၂)ဦးအထိ ကျောင်းလာရောက်အပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။


တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူ ကျောင်းပေါင်း(၂၁၅)ကျောင်း၊ မူလတန်းကျောင်းခွဲ(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း (၁)ဘုန်းတော်ကြီးပညာသင် (၁)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း (၂၂၀ )ကျောင်း ရှိကြောင်း သိရသည်။


အဆိုပါ​ ကျောင်အပ်နှံရာသို့ ယ​နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊  မြို့နယ်ပညာ​ရေးမှူးနှင့် တာဝန်ရှိသူများအဖွဲ့မှ မြို့နယ်အတွင်းရှိ​ကျောင်းများသို့ လှည့်လည်၍ ကြည့်ရှုခဲ့​​ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)